ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း လက်တံမြောင်းအလိုက် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်

By:

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်ချက်အရ  မိုးစပါးစိုက်ပျိုးရာသီမတိုင်မီ လက်တံမြောင်းအလိုက် ရေအသုံးချသူများအဖွဲ့ WUG များ စနစ်တကျဖွဲ့စည်း နိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လွင်ထွန်း ၊ အင်ဂျင်နီယာချုပ် ဦးထွန်းကျော်စိုး နှင့် တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် စစ်ကိုင်းတိုင်းဒေသကြီး သဖန်းဆိပ်ဆည်ရေသောက်ဧရိယာရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ လက်တံမြောင်းအလိုက် ရေအသုံးချသူများအဖွဲ့ WUG ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်များ၊ ရေအသုံးချသူများအဖွဲ့မှ ရေအသုံးချသူများအသင်းWUA သို့ ဆက်လက်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဆည်ရေကိုစနစ်တကျ သုံးစွဲ၍ သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်မည့် အခြေအနေ တို့ကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Related post