ရေလှောင်တမံများ ဘေးကင်းလုံခြုံစိတ်ချရစေရန် မြေပုံရေးဆွဲမှု

By: Se Work

ရေလှောင်တမံများ ဘေးကင်းလုံခြုံစိတ်ချရစေရန် မြေပုံရေးဆွဲမှု

ရေလှောင်တမံများသည် နွေရာသီရေလုံလောက်စွာ သုံးစွဲနိုင်စေရန်အတွက် ရေစုဆောင်းရလျက်ရှိပြီး၊ ရာသီဥတုပြောင်းလဲမှုနှင့် အတူ ဖြစ်ပေါ်လာသော သဘာဝဘေး အန္တရာယ်ဘေးမှလည်း ဘေးကင်းလုံခြုံစိတ်ချရစေရန် အထူးအလေးထား ဆောင်ရွက်ရလျက် ရှိပါသည်။ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည်မြောင်း ပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ၊ ပဲခူးမြို့တွင် ဦးစီးအရာရှိ(မြို့ပြ) များအတွက် Dam Break Flood Hazard Mapping Using Hec Ras And QGIS လက်တွေ့အသုံးချ သင်တန်းကို (၉.၁.၂၀၂၃) မှ (၂၀.၁.၂၀၂၃) ရက်နေ့ အထိ သင်တန်းကာလ (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပါသည်။

သင်တန်းတွင် Hec Ras software ဖြင့် ရေကြီးမှု အခြေအနေများ တွက်ချက်ခြင်း နှင့် QGIS နည်းပညာဖြင့် မြေပုံရေးဆွဲခြင် သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်ရန် သင်ကြားခဲ့ပြီး၊ တမံများ အရေးပေါ်ဆောင်ရွက်ရမည့် နည်းလမ်းများ (Dam Emergency Intervention toolbox) ကိုလည်း သင်တန်းသားများ လက်တွေ့ အသုံးချနိုင်စေရန် ထည့်သွင်း သင်ကြားပေးခဲ့ပါသည်။

အဆိုပါသင်တန်းကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဦးစီးအရာရှိ(မြို့ပြ)(၄၁)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။ 

Related post