အထွေထွေဖော်ပြချက်များ
Irrigation Structures and its Related Beneficial Area at the end of September,2019
Salient Structure of Completed Irrigation Works of Myanmar (At the end of September,2019)
Current Running Pumped Irrigation Projects in States and Regions ( At the end of September,2019)
Tube Wells Already Drilled for Irrigation Water Supply (1992-93 to 30.9.2019)
(၁၉.၆.၂၀၂၀)ရက်နေ့ မွန်းလွှဲ (၂:၀၀)နာရီအချိန်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊တည်ဆောက်ရေး(၂)ဆည်/ရေဦးစီးဌာနတို့အကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့်ကျင်းပခဲ့ပါသည်။ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးတည်ဆောက်ရေး(၂)၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်လက်ထောက်ညွှန်ကြားရေးမှူး(၁)၊လက်ထောက်ညွှန်ကြားရေးမှူး (၂)တို့က ဝန်ထမ်းရေးရာကိစ္စများနှင့် မိုးမကျမီလုပ်ငန်းများအချိန်မီပြီးစီးရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပါသည်။
ယင်းနောက်ဒုတိယညွှန်ကြားရေးမှူး(ပဲခူးအနောက်ခြမ်း)၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် လက်ထောက်ညွှန်ကြားရေးမှူး(ပြည်ခရိုင်)တို့က ဌာနမှထိန်းသိမ်းထားရှိသည့် ရေအားအဆောက်အအုံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီရေအသုံးချသူများအဖွဲ့ WUG ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေတို့အားရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်၊အင်ဂျင်နီယာချုပ်(စက်မှူ)၊ညွှန်ကြားရေးမှူး (စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ)၊ညွှန်ကြားရေးမှူး(ဖြည့်တင်းရေးဌာနခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ) တို့က ဖြည့်စွက်ဆွေးနွေးကြပြီးစက်ယန္တရားလိုအပ်ချက် စသည့်လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးကြပါသည်။
နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်က ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် မပျက်မီကပင်ကြိုတင်ကာကွယ်ပြင်ဆင်ကြရန်၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီ ရေအသုံးချတောင်သူများအဖွဲ့ (WUG)များ အရှိန်အဟုန်မြှင့်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ပြီး၊ ပူးပေါင်းပါဝင်သောဆည်ရေစီမံခန့်ခွဲမှုစနစ်(Participatory Irrigation Management)အသက်ဝင်လာစေရေးကိုကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ယခုကဲ့သို့ Covid 19 ရောဂါပြန့်ပွားနေသည့်ကာလတွင် မိမိ၏လက်အောက်ဝန်ထမ်းများအား တက်စွမ်းသမျှ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးကြပါရန်လမ်းညွှန်မှာကြားပြီး အစည်းအဝေးကိုညနေ (၃း၃၀) တွင်ရုတ်သိမ်းခဲ့ပါသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း
Some of the Irrigation and Water Utilization Management Department’s completed reservoirs are multipurpose and will generate hydropower as well as irrigation.
Completed projects which generate HydroPower
Completed Projects including Mini HydroPower Supply