(၁၉.၆.၂၀၂၀)ရက်နေ့ မွန်းလွှဲ (၂:၀၀)နာရီအချိန်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊တည်ဆောက်ရေး(၂)ဆည်/ရေဦးစီးဌာနတို့အကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့်ကျင်းပခဲ့ပါသည်။ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးတည်ဆောက်ရေး(၂)၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်လက်ထောက်ညွှန်ကြားရေးမှူး(၁)၊လက်ထောက်ညွှန်ကြားရေးမှူး (၂)တို့က ဝန်ထမ်းရေးရာကိစ္စများနှင့် မိုးမကျမီလုပ်ငန်းများအချိန်မီပြီးစီးရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပါသည်။
ယင်းနောက်ဒုတိယညွှန်ကြားရေးမှူး(ပဲခူးအနောက်ခြမ်း)၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် လက်ထောက်ညွှန်ကြားရေးမှူး(ပြည်ခရိုင်)တို့က ဌာနမှထိန်းသိမ်းထားရှိသည့်
ရေအားအဆောက်အအုံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီရေအသုံးချသူများအဖွဲ့ WUG ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေတို့အားရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်၊အင်ဂျင်နီယာချုပ်(စက်မှူ)၊ညွှန်ကြားရေးမှူး (စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ)၊ညွှန်ကြားရေးမှူး(ဖြည့်တင်းရေးဌာနခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ) တို့က ဖြည့်စွက်ဆွေးနွေးကြပြီးစက်ယန္တရားလိုအပ်ချက် စသည့်လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးကြပါသည်။
နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်က ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် မပျက်မီကပင်ကြိုတင်ကာကွယ်ပြင်ဆင်ကြရန်၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီ ရေအသုံးချတောင်သူများအဖွဲ့ (WUG)များ အရှိန်အဟုန်မြှင့်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ပြီး၊ ပူးပေါင်းပါဝင်သောဆည်ရေစီမံခန့်ခွဲမှုစနစ်(Participatory Irrigation Management)အသက်ဝင်လာစေရေးကိုကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ယခုကဲ့သို့ Covid 19 ရောဂါပြန့်ပွားနေသည့်ကာလတွင် မိမိ၏လက်အောက်ဝန်ထမ်းများအား တက်စွမ်းသမျှ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးကြပါရန်လမ်းညွှန်မှာကြားပြီး အစည်းအဝေးကိုညနေ (၃း၃၀) တွင်ရုတ်သိမ်းခဲ့ပါသည်။